ပခုက္ကူ ဩဂုတ် ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library ကွင်းဆင်းဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စန်းယုမော်က “ အသိပညာဗဟုသုတပိုမိုရရှိစေရန်၊ ရရှိပြီးသည့်အသိပညာဗဟုသုတများကို ပြန်လည်အသုံးချဖလှယ်တတ်စေရန်၊ စာပေမျိုးစုံလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်စေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စကားပြောစွမ်းရည်တိုးတက်မြင့်မားလာစေရန်နှင့် ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် Mobile Library ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှဆရာ၊ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)သင်တန်းသူများထံ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစသောစာအုပ်၊ စာစောင်များကိုကွင်းဆင်းငှားရမ်းပေးရာ သင်တန်းသူများက မိမိကြိုက်နှစ်သက်သည့် စာပေအမျိုးအစားများနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)