သံဖြူဇရပ်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြုလုပ်

သံဖြူဇရပ်  သြဂုတ်  ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှုပ်ရှားမှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်ကဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၏ဆောင်ပုဒ်ဖြစ်သည့် “ဗလငါးတန်ဖွံဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး”ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်း၊ ကျန်းမာရေးအသိပညာပေး  မေးခွန်းများဖြေဆိုခြင်း၊ ပန်းချီပြိုင်ပွဲများဆောင်ရွက်ပေးခြင်း စသည့်အစီအစဉ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)