ချောင်းဦးမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ချောင်းဦး  ဇန်နဝါရီ  ၈

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းဦး အ.ထ.က ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် ချောင်းဦးမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

၎င်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြိုင်ပွဲများအလိုက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် ၊ မုံရွာခရိုင်ပညာရေးမှူး တာဝန်ခံ ဦးသိန်းဇံအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုလွှာနှင့်ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီးနောက် ချောင်းဦးမြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူလေးများမှ "အသီးတစ်ရာ အညှာတစ်ခု" သီချင်းဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ချောင်းဦး အ.ထ.က ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့  ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ချောင်းဦးမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်ပညာရေးမှူး တာဝန်ခံ ဦးသိန်းဇံအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်၊ နှင့် ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၆၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)