ကျိုက်မရော သြဂုတ် ၁၅
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းမာရေးရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက အ.ထ.က. ကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ် ၁ ဆရာမ ဒေါ်နန်းလှဝင်းရီက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအကြောင်း ရှင်းလင်းဟောပြောသည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဆေးခန်းမှ ဆရာမ ဒေါ်မီမီထွန်းက မျက်စိကျန်းမာရေးအတွက် ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ မျက်စိအားကောင်းစေရန်အတွက် စားသုံးရမည့် အာဟာရအုပ်စုများနှင့် မျက်စိအားကောင်းစေရန်အတွက် အသုံးပြူရမည့် ဆေးဝါးများ၊ အာဟာရဖွံ့ဖြိုးရေးရောဂါကာကွယ်စေသော အစာအုပ်စုများအကြောင်း ဟောပြောခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲသို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်သန့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား(၂၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)