ဘီးလင်း သြဂုတ် ၁၅
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဘီးလင်းမြို့နယ် အ.မ.က (မြင်သာ) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျောင်းကျန်းမာရေးစစ်ဆေးပေးရာတွင် ဘီးလင်းမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခင်ခင်မြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား မျက်စိ၊ နား၊ သွား၊ လည်ပင်း၊ အရေပြားနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုများ ရှိ၊ မရှိ တို့ကို စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)