ပြည် ဩဂုတ် ၁၅
ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များပူးပေါင်း၍ ယမန်နေ့က ပြည်မြို့ရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သုံးစွဲရန်မသင့်သော ကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က အဆိုပါဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများအား စားသုံးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိအခြေအနေများ၊ ရက်လွန်ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိနှင့် ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သော ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား စားသုံးသူပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ရောင်းချဆောင်ရွက်ရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)