ဘုတလင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ဘုတလင်   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ရွာမွန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကျိုးရှိစွာ ဆောင်ရွက်ကြရန်နှင့် ရန်ပုံငွေများကို စနစ်တကျ သုံးစွဲကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူ(၄၀၅)ဦးအတွက် လည်ပတ်ရန်ပုံငွေ ကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်မြစိမ်းရောင်စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)