မိုင်းတုံ ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမတွင် စာရေးဆရာ၏ "အညတြ" စာအုပ်ကို ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်သွယ်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် မခမ်းအိမ်ကဦးဆောင်၍ "အညတြ" စာအုပ်နှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြီး ဤစာအုပ်သည် လူငယ်များဖတ်သင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အတွက် လေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတရစေသည့်အပြင် လူငယ်တို့၏အနာဂတ်အတွက် အကျိုးရှိစေသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ဗန်မော်တင်အောင်၏ “အညတြ”စာအုပ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)