ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်

ထန်းတပင်(ပဲခူး) သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာန၊ မိခင်နှင့်ကလေး​စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ ပေါင်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊  နည်းစနစ်မှန်သွားတိုက်ခြင်း၊ မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနည်းလမ်းများ ၊   ဝမ်းပျက်ဝမ်းလျောရောဂါများအကြောင်းကို ပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ သန်ကျဆေးတိုက်ကျွေးခြင်းနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို မူလတန်းရှိ ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး (KG)တန်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဦးစီးဌာနမှ သွားတိုက်တံများဝေငှပေးခဲ့ပြီး ကျန်ရှိ​​သော ​စာသင်ကျောင်းများကိုလည်း အလှည့်ကျစနစ်ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)