ပေါက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က ပေါက်မြို့အတွင်းရှိ အ.မ.က-၂(မူလွန်)ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်မာမျိုးက ကျောင်းသား၊ကျောင်းသူများအား စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန်၊ အသိပညာဗသုတများတိုးပွားစေရန်၊ အားလပ်ချိန်များတွင်ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအားဖတ်ရှုလေ့လာရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူများအကြောင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ခင်သန်းဆင့်က ကျောင်းသား/ ကျောင်းသူများအား ပုံပြင်များ ဖတ်ပြခြင်း၊ စာဖတ်ဝိုင်းပြုလုပ်ပေး၍ မိမိဖတ်ရှုရသည့်စာအုပ်ထဲမှ ဗဟုသုတရရှိစေသည့်အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအသိပညာပေးလုပ်ငန်းများကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်