ရွှေတောင် သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊ အ.မ.ကကူကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျောင်းကျန်းမာရေး လှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးနေ့စားဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူလေးများအား ခန္ဓာကိုယ်ကြီးထွားရေး၊ ဥာဏ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အာဟာရအုပ်စု(၃)အုပ်စုအကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းရောဂါအကြောင်းနှင့် သွားနှင့်ခံတွင်းရောဂါများအကြောင်းတို့ကို ဟောပြောခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)