လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile  စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ သွားရောက်ငှားရမ်းပေး

လိပ်သို ဩဂုတ် ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီ အချိန်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာ သယ်ဆောင် ၍  Mobile စနစ်ဖြင့် ငှားရမ်းခဲ့ရာ  တစ်ပတ်ပြည့် လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုး ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူ စာပေဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာ ရုံးများသို့ အပတ်စဉ်သွား ရောက်၍ သုတ/ရသ စာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)