ကရသူရိမြို့၌ ကွမ်းသီးပျိုးပင်ဈေးကောင်းရ၍ ပျိုးထောင်သူများ ဝင်ငွေကောင်း

ကရသူရိ သြဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ‌ဒေသခံပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရော်ဘာ၊ ကွမ်းသီး၊ ဆီအုန်းကို အဓိက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ကွမ်းသီးဂျယ်ဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူ များပြားကာ ပျိုးထောင်ထားသူများ ဈေးကောင်းရ၍ ဝင်ငွေကောင်းနေကြောင်း သိရသည်။

“ကွမ်းသီးဈေးကောင်းလာတော့ ကွမ်းပင်စိုက်ပျိုးသူများလာတယ်။ ဈေးကောင်းတာကို ဦးစားပေးစိုက်ပျိုးကြတာ။ ပြီးခဲ့တဲ့နှစ်က ကွမ်းသီး‌ဈေးမရတော့ ယခုနှစ်မှာ ထပ်စိုက်ဖို့အတွက်  ပျိုးထောင်ထားသူနည်းတယ်။ ရာသီဥတုအပူချိန်ကြောင့် ကွမ်းသီးပင်များ ပျက်စီးခြင်း၊ ထပ်တိုးစိုက်ပျိုးလာကြခြင်းကြောင်း ကွမ်းသီးပျိုးပင်များ‌ ဈေးကောင်းနေတာဖြစ်တယ်။ လက်ရှိမှာ ကွမ်းသီးပျိုးပင်(၁)ပင်ကို ၄၀၀ ကျပ်အထက် ရရှိနေသဖြင့် မိသားစုစီးပွားရေး ဖူလုံသည့်အတွက် ပျိုးထောင်သည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ကြောင်း” ပျိုးထောင်သူတစ်ဦးက ပြောသည်။

နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများတွင် ကွမ်းသီးသည် ကုန်ကျစရိတ် နည်းပါးပြီး လူတန်းစား မရွေးစိုက်ပျိုးနိုင်သည့်အပြင် ကွမ်းသီးဈေး ပြန်လည်ကောင်းမွန်လာသဖြင့် ပျိုးပင်များဈေး ကောင်းရလာခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)