မိုးနဲမြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်နှစ်ဧက လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုး

မိုးနဲ ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှစ်ဧက လက်တွေ့ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့်အုပ်စု၊ ကတ်နောက်ကျေးရွာ တောင်သူဦးလုံးပေါင်း၏ လယ်မြေတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက တောင်သူများနှင့်ပူပေါင်းကာ နည်းပညာပေးစိုက်ပျိုးပေးခဲ့ပြီး ‌ တောင်သူများ စပါးမျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးသွားကြရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးသွားကြရန် မှာကြားခဲ့သည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဒေသ ဝမ်းစာဖူလုံရေး၊ တောင်သူများ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင်ရေးတို့ကို ရည်ရွယ်လျက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးသန့်ပွား စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)