ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂) ခရိုင်ချင်းဆက်လမ်းမှ လမ်းပိုင်းတစ်နေရာအား ကတ္တရာ ထပ်ပိုးလွှာခင်းပေး

ကျောက်ဆည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ထွက်ကုန်ပစ္စည်းများနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုတိုနှင့် လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေးနှင့် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး လမ်း၊တံတားများ အသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အမှတ်(၂) ခရိုင်ခြင်းဆက်လမ်း၌ ကုန်ပစ္စည်းများ သယ်ယူရာတွင် ချောမွေ့စေရေး လမ်းပိုင်းတစ်နေရာအား  ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ လမ်းပိုင်းနေရာသည် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၏ မိုင်တိုင်အမှတ်(၇၁.၆)ကီလိုမီတာမှ (၇၃)ကီလိုမီတာအတွင်းရှိ လမ်းအရှည်(၁.၄)ကီလိုမီတာ၊ လမ်းအကျယ်(၃.၆၆)မီတာ လမ်းပိုင်း ဖြစ်ကြောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၂၄.၀၀၀) ကျပ်သန်းဖြင့် ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၂) ခရိုင်ချင်းဆက်လမ်းသည် ကျေးရွာများ၊ မြို့နယ်များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး ဖောက်လုပ်ထားသည့် အဓိကကျသော လမ်းတစ်လမ်းဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန် သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)