ရန်ကင်း သြဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၅) ရပ်ကွက်အတွင်းရှိ စိုက်ခြံများနှင့် (ကျူး)နေထိုင်သူမိသားစုများနေအိမ်များသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အသိပညာပေးဟောပြောခြင်းများကို သြဂုတ်လ ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက ရန်ကင်းမြို့နယ် ၅ ရပ်ကွက်အတွင်းရှိ စိုက်ခြံ(ကျူး)မိသားစုနေအိမ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးများဝေငှခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ လူနာရှိမရှိရှာဖွေခြင်းလုပ်ငန်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ စသည်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)