ဗိုလ်တထောင် ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၄) ကို ဩဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာပထမ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားသည်မှာ ဗိုလ်တထောင်ခရိုင်အနေဖြင့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ ဧည့်စာရင်းများကို သေချာစစ်ဆေးရန်၊ မသင်္ကာဖွယ်ရာများတွေ့ရှိပါက သတင်းပေးပို့ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ထူးခြားဖြစ်စဉ်များ တင်ပြကြရန်၊ မိမိရုံးဌာနဝန်ထမ်းများ သင်တန်းတက်ရောက်ပြန်လာပါကသင်တန်းတွင် သင်ကြားလာမှုများအား ပြန်လည်စိစစ်ရန်၊ ကျောင်းများသန့်ရှင်းရေးဆောင်ရွက်ကြရာ၌ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ရေဝင်သဖြင့်ပိတ်ထားသည့် ကျောင်းများပြန်လည်ဖွင့်လှစ်ကြရန်၊ ဝမ်းလျှောဝမ်းပျက်ရောဂါလျော့နည်းသွားပြီဖြစ်ကြောင်း ပိုးထပ်တွေ့ပါက ပိုပြီးဆက်လက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ ဆရာမတစ်ယောက်တည်းရှိသည့် ကျောင်းများရှိနေကြောင်း ထိုကဲ့သို့ကျောင်းများတွင် ရန်ကုန်မြို့ သင်ကြားရေးဆရာ ဆရာမ ၉၀၀ ကျော်ရောက်ရှိနေကြောင်း ထိုရောက်ရှိနေသော ဆရာဆရာမများမှ သင်ကြားရေးဆရာ ဆရာမနည်းသော ကျောင်းများတွင် ရရှိရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရုံးများတွင်လျှပ်စစ်များ သုံးစွဲကြရာ၌ ရုံးဆင်းရုံးပြန်သတိထား၍ လျှပ်စစ်မီးများသုံးရန် မီးခလုတ်များသတိထားပိတ်ကြရန်၊ ရုံးများ ဘဏ်များ လုံခြုံရေးအထူးဂရုပြုကြရန်၊ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ပေးရန်၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ အခြေခံကျောင်းများအနီးအနားမှာ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ ဆောင်ရွက်ပေးရန်၊ နယ်မြေဒေသအေးချမ်းသည်ဆိုသော်လည်း မိမိလုံခြုံရေး၊ ရုံးလုံခြုံရေးမပေါ့ဆကြရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထူးခြားမှုအား မြန်မြန်သိ မြန်မြန်တင်ပြကြရန်၊ နယ်မြေစစ်ဆေးမှုများကိုလည်း ပိုမိုဆောင်ရွက်စစ်ဆေးကြရန်၊ သတင်းလုံခြုံမှုရှိကြစေရန်၊ လမ်းဖြတ်ကူးရာတွင်လည်း စည်းကမ်းရှိစေရန် အသိပညာပေးမှုများ ဆောင်ရွက်ကြရန် ဌာနဆိုင်ရာများအနေဖြင့် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးနှင့်ရုံးပိုင်းဆိုင်ရာလုံခြုံရေးကို မပေါ့ဆဘဲအထူးဂရုပြုဆောင်ရွက်ကြရန် အစရှိသည်များကို ဆွေးနွေးပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစောမှ ယခင်အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)ဆုံးဖြတ်ချက်များ၊ လိုက်နာဆောင်ရွက်မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွှန်ကြားချက်များအား ဖတ်ကြားတင်ပြခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ ခရိုင်တာဝန်ခံများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ မိမိတို့ မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)