ခရမ်းမြို့ မြို့မစျေးအတွင်းရှိ ဆေးဆိုင်များတွင် သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ခရမ်း ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မြို့မဈေးဝင်းအတွင်းရှိ ဆေးဆိုင်များတွင် သတ်မှတ်ချက်အညီ ကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရမ်းမြို့ မြို့မစျေးကြီးအတွင်းရှိ ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များတွင် သတ်မှတ်ထားသော ဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများ မရောင်းချရန်၊ မြန်မာဘာသာနှင့် ရေးသားထားသော ကုန်အညွှန်းမှတ်သားပါသည့် တိုင်းရင်းဆေးဝါးများကိုသာ ရောင်းချရန်နှင့် အများပြည်သူသုံးစွဲရန်မသင့်သည့် ခွင့်ပြုမဲ့တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်‌ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 ခရမ်း (ပြန်/ဆက်)