သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဩဂုတ် ၉

"အဂတိငြင်းပယ်ဖို့ သင့်ရဲ့ကဏ္ဍနှင့် တာဝန်ခံယူစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-ထ-က)သရက်ချောင်းကျောင်း စံပယ်ဆောင် စာသင်ခန်း၌ ကျောင်းသား/သူများဖြင့် ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက ကျောင်း သား/သူများအား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း အထက်တန်းပြဆရာမများက ကျောင်းသား/သူများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာရည်ရွယ်ချက်များ၊ အဂတိလိုက်စားခြင်း၏အဓိပ္ပါယ်၊ အဂတိလိုက်စားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အဂတိတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ အဂတိလိုက်စားလျှင် အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်နှင့် ချမှတ်နိုင်သည့် ဥပဒေများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)