ကလော ဩဂုတ် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ်၊ ဟဲဟိုးမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ စုစုထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း၊ လူငယ်ရေးရာအကြောင်းနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတွက် ဗလငါးတန်အကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)