ငါန်းဇွန် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးဆေးဆိုင်များတွင် ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့)မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော စိုက်ပျိုးရေးဆေးဆိုင်များ၌ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)