ပုလော ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မိုးစပါးစိုက်ပျိုးသူ တောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအေးဝင်းက ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့်ဖြန့်ဖြူးရောင်းချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ယူရီယားဓာတ်မြေဩဇာ အိတ် (၁၅၀) ကို ပုလောမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးသူ တောင်သူများ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)