လဲချား သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များစာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးများစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန် ကလေးစာဖတ်ခန်းတွင် အခြေခံပန်းချီပုံဆွဲခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကလေးစာဖတ်ခန်းတွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ကလေးများအား ဦးစွာ အခြေခံပန်းချီပုံဆွဲနည်းများသင်ပြ၍ တစ်ဦးချင်းအလိုက် အခြေခံပန်းချီပုံများဆွဲခိုင်းရာ ကလေးငယ်များမှ ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါအဆိုပါအခြေခံပန်းချီပုံဆွဲရာတွင် ကလေးငယ် (၁၆)ဦး ပါဝင်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)