မန္တလေး ဩဂုတ် ၅
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက ဧကဒမအကြိမ်မြောက် (တတိယပတ်)စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ဩဂုတ် ၃ ရက်နေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် မစိုးရိမ်တိုက်သစ်မှ သံဃာတော်အရှင်သူမြတ်အပါး (၂၅၀)တို့အားပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့တာဝန်ရှိသူများနှင့် မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)