မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မှော်ဘီ ဩဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက မှော်ဘီမြို့နယ်မြို့ချောင်း တိုးဂိတ်အနီးတွင် ယာဉ်ထိန်းတပ်ဖွဲ့(၆၄)မှော်ဘီမှ ရဲအုပ်မီမီထွန်းဉီးစီး၍ ယာဉ်ထိန်းတာဝန်ဖွဲ့ဝင်(၃)ဦးတို့မှ ဆိုင်ကယ်စီးနင်းသူ(၃၀)ဉီးတို့အား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့​သည်။

ဆက်လက်၍ ယာဉ်ထိန်းရဲအုပ်မီမီထွန်းမှ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်းရန်နှင့် ဆိုင်ကယ်စီးနင်းရာတွင်လဲ နှစ်ဦးထက်ပို၍ မစီးရန်၊ ဆိုင်ကယ်မောင်းနှင်သူနှင့် ယာဉ်မောင်းသူများအားလုံး မြို့တွင်း မြို့ပြင် အရှိန်ပြင်းမမောင်းရန်၊ ယာဉ်မောင်းနေစဉ်ဖုန်းမပြောရန်၊ အရက်သေစာသောက်စားခြင်းမပြုရန် မှာကြားဆောင်ရွက်ခဲ့သည်။

ထို့နောက် ယာဉ်ထိန်းရဲအုပ်မီမီထွန်ဉီးစီး(၃)ဉီးတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပြောကြားခဲ့ပြီး ယာဉ်/လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)