ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် မိုးရာသီကျောင်းတွင်း ဖိတ်ခေါ်ဘောလုံးအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  ဩဂုတ်  

ကျန်းမာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့်ကျင်းပသည့် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ မိုးရာသီကျောင်းတွင်းဖိတ်ခေါ်ဘောလုံး အားကစားပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်း၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် ကျင်းပခဲ့သည်။

ယနေ့ကျင်းပသည့် နောက်ဆုံးဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ဆေးပညာဒုတိယနှစ် (၅/၂၀၂၄) သင်တန်းကိုယ်စားပြုဖြစ်သော “Myriad  FC” အသင်းနှင့် တက္ကသိုလ်ရှိ အခြားသင်တန်းများကိုယ်စားပြုဖြစ်သော “Royal Lion FC” အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ “Myriad FC” အသင်းက အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ တက်ရောက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပွဲစဉ်များတစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးကစားသမားဆု၊ နောက်တန်းအကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အသန့်ရှင်းဆုံးအသင်းဆုဖလားတို့အားလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော “Vanilla Muffin FC” အသင်းအား နှစ်သိမ့်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ တတိယဆုရရှိသော “Tempest FC”  အသင်းအား ကြေးတံဆိပ်ဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသော Royal Lion FC အသင်းအား ငွေတံဆိပ်ဖလား၊ တစ်ဦးချင်းငွေတံဆိပ်ဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ ပထမဆုရရှိသော “Myriad FC” အသင်းအားပါမောက္ခချုပ်ဖလား၊ တစ်ဦးချင်းရွှေတံဆိပ်ဆုနှင့် ငွေသားဆုတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စီးပွားရေးရာဝန်ကြီး၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အားကစားဆပ်ကော်မတီဥက္ကဋ္ဌတို့က ဆုများအသီသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)