ပင်လောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေး(၈)မျိုးကို တိုက်ကျွေး၊ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်