မင်းလှမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်းလှ ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကြည်ဦးက မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရေး သန်းခေါင်းစာရင်းကောက်ယူခြင်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့်စာရင်းစစ်၊ စာရင်းကောက်များက ကောက်ကွက်များတွင် CAPI စနစ် Mobile Phone Tablet အသုံးပြု၍ အောက်တိုဘာလတွင် ကောက်ယူနိုင်ရေးဆိုင်ရာ စသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြရာ တင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)