ပေါင် ဇူလိုင် ၃၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာကာ ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၇)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြောင်းရွှေ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့် လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ကွေ့ဒေသတွင်တည်ရှိ၍ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဉ်ရေတိုက်စားကာ ကမ်းပြိုကျလာမှုကြောင့် လူနေအိမ်များပြောင်းရွှေ့နေရကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)