အောင်လံ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ မဟာဇင်ကျေးရွာ၌ နိုင်ငံတော်လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် မဟာဇင်ကျေးရွာ၊ ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မဟာဇင်ကျေးရွာ အဆိုပါစာကြည့်တိုက် မြေနေရာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်း၊ မဟာဇင်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ရတနာပန္နက်စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ရာ လိုအပ်သည့်များကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အုတ်၊ သဲ၊ ကျောက်နှင့် မြေနေရာများကို မဟာဇင်ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)