မုဒုံ ဇူလိုင် ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.မ.က(မူလွန်) တာပသွန်ကျောင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇော်အောင်က သစ်တောသစ်ပင်များအရေးပါပုံ၊ သစ်တောများမှရရှိသော အကျိုးကျေးဇူး၊ သစ်တောများ ပျက်စီးပြုန်းတီးစေသည့်အကြောင်းအရင်း၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်ပင်တစ်ပင် ရှင်သန်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်စိုက်ပျိုးနည်း၊ သစ်တောများနှင့် သဘာဝဘေးအန္တရာယ်၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းတွင် ပြည်သူလူထုများပါဝင်လာစေရန် ဌာနအနေဖြင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းဝင်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်အတူ ခရေ(၂၅)ပင်၊ ရေတမာ(၂၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)