အောင်လံ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ် ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign များဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အဖွဲ့ပိုင်မြို့မစျေးကြီး၌ အဆိုပါ Campaign အား ပြုလုပ်ခဲ့ပြီး အောင်လံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ စည်ပင်ကော်မတီများ၊ စုစုပေါင်း (၁၀)ဦးတို့မှ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း (ပြန်/ဆက်)