ကျိုက်လတ်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ တုံးလှဲအထနီ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးမင်းလွင်ဦးနှင့်အဖွဲ့က ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိဘဲ စဥ်ဆက်မပြက် အမြဲနေထိုင်သူများအား၊ ငါးဦးကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းမြေပြင် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)