ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဆူနာမီဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပုသိမ် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဆူနာမီဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၈ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချောင်းသာမြို့ခေတ္တအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် ဆူနာမီဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၈ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ School Cum Shelter တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆူနာမီဘေးအန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို စတင်ဆောင်ရွက်သည်။

ယင်းနောက် အသင့်စုဖွဲ့ထားသည့် ရှာဖွေကယ်ဆယ်ရေးတပ်စုမှ ဆူနာမီလှုပ်ခပ်နိူင်သည့် အင်အားကြီးငလျင်တစ်ခုသည် ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခပ်သွားသည့်အတွက် များမကြာခင်အချိန်အတွင်း၌ ဆူနာမီရေလှိုင်းများရောက်ရှိလာနိူင်သဖြင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာ School Cum Shelter များသို့ ပြောင်းရွေ့နေထိုင်သွားကြရန် သဏ္ဍန်တူ ဇာတ်တိုက်နိူးဆော်ပြီး ပုသိမ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရ၊ ပုသိမ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွဋ်ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်စုအဆင့် စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြစ်ကြသည့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦးနှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၂)ဦး၊ ပရဟိတလူမှု‌ရေးအသင်းအဖွဲ့(၁၂)ဦးတို့က ပြည်သူ(၁၅၀)ဦးခန့်နှင့်အတူ ဆူနာမီဘေးအန္တရာယ် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)