ရွှေတောင် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ ဧရာဝတီမြစ်ရေ ၈၆.၉ ပေသို့ ထပ်မံကျဆင်းခဲ့သဖြင့် အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းခဲ့သဖြင့် ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စု အိမ်ထောင်စုအချို့ရှိ အိမ်ခြေ (၃၄၁)၊ အိမ်ထောင်စု (၃၄၆)စု၊ လူဦးရေ(၁၁၈၄) ဦးတို့အား ၎င်းတို့၏ မူလနေထိုင်ခဲ့သည့် နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရေးအတွက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရန်အိမ်ခြေ(၁၉၉) အိမ်၊ အိမ်ထောင်စု(၂၀၅)စု၊ လူဦးရေ (၇၅၉) ဦးကျန်ရှိသေးကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)