ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၃၀

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ယမန်နေ့ ညနေပိုင်းက ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ဦးစွာ ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများက ကွင်းအတွင်းနေရာယူကြပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က ယနေ့ကျင်းပပြုလုပ်သည့် အမျိုးသမီးဘောလုံးပြိုင်ပွဲသည် မြို့နယ်ပေါင်းစုံကနေ လူရွေးချယ်ပြီး ခရိုင်လက်ရွေးစင်ရွေးချယ်ကာ လာရောက်ယှဥ်ပြိုင်ကြသည့်အတွက် ပြိုင်ပွဲရဲ့ရည်မှန်းချက်မြင့်မားလာမှုနှင့်အတူ ပြိုင်ပွဲရဲ့အနှစ်သာရများကို အကောင်အထည်ဖော်လာအောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အသက်(၂၀)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများရရှိနိုင်ရေးအတွက် ထူးချွန်သောအားကစားသမားများကိုစုစည်း၍ ပဲခူးတိုင်းဒေသကြီးဘောလုံးအသင်းကို တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ကြိုတင်စုဖွဲ့လေ့ကျင့်ခြင်းအပါအဝင် လိုအပ်တဲ့အစီအမံများကို အချိန်နှင့်တစ်ပြေးညီ စီစဥ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် သာမန်အားကစားပြိုင်ပွဲတစ်ရပ်မဟုတ်ဘဲ တိုင်းဒေသကြီးကိုယ်စားပြုမှတဆင့် နိုင်ငံ့လက်ရွေးစင်များ ပေါ်ထွက်လာစေရေး ပြိုင်ပွဲတစ်ရပ်အဖြစ်မှတ်ယူပြီး ယှဥ်ပြိုင်သွားကြရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများအားလုံး အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ သန့်သန့်ရှင်းရှင်းယှဥ်ပြိုင်ကစားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်ဘောလုံးအားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် () ချက်ရွတ်ဆိုကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာသွားကြပြီး ပဲခူးတက္ကသိုလ် အမျိုးသမီးဘောလုံးအသင်းနှင့် ပြည်တက္ကသိုလ်အမျိုးသမီးဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၂၉) ရက်နေ့မှ သြဂုတ်လ()ရက်နေ့ထိ ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ပြိုင်ပွဲဝင်အသင်း()သင်းပါဝင်ကာ အုပ်စု()အုပ်စုခွဲ၍ ပတ်လည်ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)