နတ်မောက်မြို့ အခြေခံပညာမူလတန်းကျောင်း(ရန်အောင်မြင်)၌ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေး

နတ်မောက် ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အခြေခံပညာမူလတန်းကျောင်း(ရန်အောင်မြင်)၌ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးရာသို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်ခင်စန်းတင့်က တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာများ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ ဖုံးအုပ်မထားသည့် အစားအစာများ၊ မသန့်ရှင်းသော အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား နား၊ မျက်စိ၊ သွားများကို ကျန်းမာရေးစစ်ဆေးခဲ့ပြီး တစ်ဦးချင်းစီ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်များ ဖြည့်သွင်းပေးခဲ့ကြောင်း သိရသည်။

လှဝင်း