ရွှေဘို ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့်အတူ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနတွင်ဖွင့်လှစ်သည့် ကွန်ပျူတာ သင်တန်း(၄/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးမြမွန်က ကွန်ပျူတာပညာရပ်သည် အလွန်အရေးပါသည့် ပညာရပ်ဖြစ်ပြီး မိမိတို့၏ ရုံးဌာနလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လျှင်မြန်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ကြမှာ ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံး သည့်အခါမှာ လည်း စဥ်ဆက်မပြတ် လေ့လာသင်ယူလိုကြောင်းပြောကြားခဲ့ပြီး သင်တန်း နည်းပြဆရာအား အမှတ်တရဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်းပေးအပ်ရာ နည်းပြဆရာနှင့် သင်တန်းသူတစ် ဦးတို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို တစ်လကြာသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်