သာယာဝတီ ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်ရေတိုက်စားမှုကြောင့်မှုကြောင့် အလယ်ကုန်း-ဖိုးခေါင်-စံရွေး-ညောင်သာယာကျေးရွာသို့ ဆက်သွယ်ထားသည့် တံတားအမှတ်(၁/၇)၊ အလျား(၁၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ဘေလီကွန်ကရစ်သံဘောင်တံတား)မှာ ဇူလိုင်လ ၂၆ရက် ညနေ၅နာရီခွဲခန့်တွင် ကျိုးပေါက်ပျက်စီးခဲ့သည်။
အဆိုပါတံတားမှာ မြစ်မခမြစ်ရေအား သတ်မှတ်ထားသည့် ခိုင်ခံ့မှုထက်ကျော်လွန်၍ တိုက်စားမှုကြောင့် ပျက်စီးခဲ့ရပြီး မြို့နယ်ကျေးလက်ဦးစီးဌာနမှ အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)