လေးမျက်နှာ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် နင်းကြမ်းကျေးရွာ ရေဘေးသင့်ပြည်သူများကို ထမင်းထုတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့်အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် အဖွဲ့တို့သည် နင်းကြမ်းကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စု (၁၀၀)စုအား ထမင်းထုတ်များ ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ခတ္တူကျေးရွာ၊ မဟာမေဃဝန်ကျောင်းတိုက်အား ဆန်(၁)အိတ်၊ ဆီ (၅)ပိဿ လှူတန်းခဲ့ပြီး ပန်းတောကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် KG နှင့် Grade-1 ကျောင်းသား/သူများကို စာအုပ်နှင့် မုန့်များ ပေးအပ်ခဲ့သည်။
ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်သန္တာဦးနှင့် အဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် အဖွဲ့တို့သည် ရေဘေးသင့်ပြည်သူများကို စာသောက်ဖွယ်ရာများလှူဒါန်းခြင်း၊ စာသင်ကျောင်းများ၊ ကျောင်းသား/ကျောင်းသူများကို လိုအပ်သည်များ ထောက်ပံ့ခြင်း၊ လှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးသက်ကို(ပြန်/ဆက်)