ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား) လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဉ်များ ကျင်းပ

တောင်ငူ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့တွင် (အမျိုးသား) လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များကိုကျင်းပခဲ့ပြီး အနိုင်ရရှိသည့် မန္တလေးအသင်းနှင့် မြောင်းမြအသင်း၊ တောင်ငူအသင်းနှင့် ရန်ကင်းအသင်းတို့ အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံကြမည်ဖြစ်သည်။

ဇူလိုင် ၂၆ ရက်နေ့တွင် အကြိုဗိုလ်လုပွဲစဥ်များ ကျင်းပခဲ့ပြီး ဒီကနေ့ ဇူလိုင် ၂၇ ရက်တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း တောင်ငူပညာရေးဒီဂရီကောလိပ်မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)