ဖြူး ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရေအိုးစင်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ချေးငွေ စတုတ္ထအကြိမ် အသင်းသား (၉၂)ဦးအတွက် ငွေကျပ် (၃၁၀)သိန်းအား ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် ဆီထွက်သီးနှံအတွက် ထုတ်ချေးပေးခဲ့ကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာ (၅၈)ရွာ၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) (၅)ရွာရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)