ဓနုဖြူ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(SMART Village) အကောင်အထည်ဖော်ဆောင်ရွက်မည့် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင် ခေတ်မီစံပြကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ ကျေးရွာခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်းအဖွဲ့များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၊ ကျေးရွာသူ/သားများမှ အရိပ်ရပင်ဖြစ်သော မန်ဂျန်ရှားပင်၊ မဟော်ဂနီပင်များနှင့် လမ်းဘေး၀ဲယာတွင် ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)