ညောင်တုန်း ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြစ်ကမ်းပါးအခြေအနေနှင့် မြစ်ကမ်းပါး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက ညောင်တုန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ (၁၄)လမ်းနှင့် (၁၆)လမ်းကြားရှိ ပန်းလှိုင်မြစ်ရေမှတ်အခြေအနေနှင့် (၁၇)လမ်းရှိ မြစ်ကမ်းတာရေ ခွေထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၊ (၁၁)နှင့် (၁၂)လမ်းကြား ပန်းလှိုင်မြစ်ကမ်းထိန်းတာတွင် ရေအနည်းငယ်ယိုစိမ့်မှုဖြစ်ပွားသည့်နေရာ၌ သဲကျောက်စရစ်တို့ဖြင့် ရေခွေဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)