ညောင်တုန်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၄၁)လမ်း ကမ်းနားတွင် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား (၂၀)ပေ၊ အနံ (၁၀)ပေခန့် ပြိုကြမှုဖြစ်ပွားခဲ့သည်။
မြစ်ကမ်းပြိုကျရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေစိုးဟန်နှင့် တာဝန်ရှိသူများက သစ်ပင်၊ သစ်ကိုင်းများချ၍ ရေကြောင်းလွှဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းအနီးရှိ ဈေးဆိုင် (၂)ဆိုင် ကြိုတင်ဖျက်သိမ်း၍ မြစ်ကမ်းပါးနှင့် ကင်းလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)