ကလေးဝ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများအား ထောက်ပံ့သော မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ခြင်းနှင့် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တောင်သူများအား ထောက်ပံ့သော မျိုးစေ့ချကိရိယာ (Drum Seeder) ၁၇ ခုအား ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူများအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းဖွင့်လှစ်ရာ ဒုဦးစီးမှူးဦးသန်းထွန်းကြီးနှင့် လက်ထောက်ဦးစီးမှူး ဒေါ်ခိုင်ဌေးဦးတို့က မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုပုံနည်းလမ်းများ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းနည်းပညာများကိုပို့ချရာ တောင်သူများနှင့်ဝန်ထမ်းများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)