ပဲခူးမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်

ပဲခူး ဇူလိုင် ၂၆

ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးမြို့၊ ကျောက်ကြီးစုတာနှင့် ပန်းလှိုင်တာတို့အား တာဘောင်များကြံ့ခိုင်ရေးနှင့် ရေကျော်မှုဖြစ်ပါက ကြိုတင်ကာကွယ်ရေးအတွက် သဲအိတ်များ ကာရံခြင်းလုပ်ငန်းအား တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)