မင်းကင်း၊ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်-၃၊ နိုင်ငံသားစိစစ်ကတ်ပြား ပြုလုပ်ပေးခြင်းကို မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စကားဝါခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းမရှိသေးသည့် Grade-8၊ Grade-9၊ Grade-10၊ Grade-11၊ Grade-12 မှ ကျောင်းသား၊ ကျောင်းသူများအား ကတ်ပြားပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ အဆိုပါဆောင်ရွက်ပေးနေမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)