ရေကြည်မြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများ အားထောက်ပံ့ငွေများ ပေးအပ်

ရေကြည် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေမြင့်တက်မှု့ကြောင့် နှောကုန်းဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စုများသို့ ယမန်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မီးနစ်အချိန်တွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့ရည်ချိုက ငဝန်မြစ်ရေမြင့်တက်မှု့ကြောင့် နှောကုန်းဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၁၅) စုမှလူဦးရေ (၆၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေကျပ် (၁၂၆၀၀၀) ကျပ်အားတာဝန်ရှိသူများရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မေသန့်ဇင် (ပြန်/ဆက်)