သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်က်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်

သာပေါင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့ရေဘေးရှောင်ဘုရားနီ‌ ကျေးရွာအုပ်စုရှိ ပြည်သူများအား ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆန်၊ဆီ၊ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုးတို့က  ဘုရားနီကျေးရွာအုပ်စုတွင် ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်နေရသည့်ဘုရားနီ‌ ကျေးရွာအုပ်စုရှိ ယာယီရေဘေးရှောင် အိမ်ထောင်စု (၅) တို့ကို အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)